Events

Biofach 2023 အော်ဂဲနစ်ပြပွဲ ကျင်းပမည့်အစီအစဉ်

Updated At: 2022-08-12 11:04:17

Biofach အော်ဂဲနစ်ထုတ်ကုန်မျိုးစုံပြပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့တွင် Nuremberg Messe GmbH က ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ပါဝင်ပြသမည့်သူများအနေဖြင့် (https://www.biofach.de) ဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှတဆင့် လျှောက်ထားရယူနိုင်ပါသည်။  

ပြခန်းအတွက် ၁၂ စတုရန်းမီတာ အနည်းဆုံးရယူရန် လိုအပ်ပြီး စျေးနှုန်းများမှာ-  
    (က)    line stand, one side open (min. 12 m²)                   EUR 179/sqm plus VAT.
    (ခ)     Corner stand, two sides open (min. 15 m²)             EUR 208/sqm plus VAT.
    (ဂ)     Island stand, three sides open (min. 30 m²)            EUR 216/sqm plus VAT.
    (ဃ)    Block stand, four sides open (min. 60 m²)              EUR230/sqmplusVAT.          တို့ဖြစ်ပါသည်။

ပြခန်းငှားခအပြင် ထပ်မံကုန်ကျမည့် Marketing service နှင့် အခြားဝန်ဆောင်မှုများ ပေးသွင်းရန်လိုအပ်ပြီး https://www.biofach.de/en/exhibitors/participation/pricecalculator တွင်  လေ့လာနိုင်ပါသည်။

၂၀၂၂ ခုနှစ်အတွက် ၂၆-၇-၂၀၂၂ မှ ၂၉-၇-၂၀၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး အော်ဂဲနစ်ထုတ်ကုန်မျိုးစုံပြသမှုများ၊ ဆွေးနွေးပွဲဖိုရမ်များ၊ Congress များ၊ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချချက်များ၊ Exhibitor များ၏ သရုပ်ပြ တင်ဆက်ပြသမှုများဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ  လာရောက်ပြသသူပေါင်း (၂၂၇၆) နှင့် လေ့လာကြည့်ရှုသူပေါင်း (၂၄၀၀၀) ရှိခဲ့ပါသည်။

မြန်မာနိုင်ငံမှ မောရှမ်းလက်ဖက်ကုမ္ပဏီကိုယ်တိုင် လာရောက်၍လည်းကောင်း၊  Yatha Waddi ကုမ္ပဏီ (Paline လက်ဖက်) က ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့်လည်းကောင်း ပါဝင်ပြသ၍ ကိုယ်စားလှယ်ဖြင့် ထုတ်ကုန်များခင်းကျင်း ပြသမှုကိုလည်းကောင်း၊ ဦးကာက လက်ဖက်ကုမ္ပဏီမှ Trade Visitor အဖြစ် လိုက်ပါလေ့လာခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source:    https://www.biofach.de
               https://www.biofach.de/en/exhibitors/participation/pricecalculator